၂၀၁၉ ခုနှစ် မေလ (၂) ရက်နေ့တွင် ကမ္ဘာကြီးပူနွေးလာမှုအား လျှော့ချနိုင်စေရန်နှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး ရာသီဉတုမျှတစေရေးတို့အတွက် စစ်တွေမြို့တွင်းမှ နှစ်ရှည်သစ်ပင်ကြီးများအား အလွန်အကျွံ မခုတ်ဖို့ရန် စစ်တွေမြို့မှ အရပ်ဘက်လူမှု အဖွဲ့အစည်းအချို့မှ ဉီးဆောင်၍ Sticker Campaign တစ်ခုကို လောကနန္ဒအရှေ့ဖက်မုဒ် သတ္တဌာနေလမ်းတလျှောက်၊ စစ်တွေကွန်ပျူတာကျောင်းလမ်းမှ အထက (၄) ကျောင်းရှေ့လမ်း၊ မြို့တော်ခန်းမရှေ့မှ အာရီယာန်စားသောက်ဆိုင်နှင့် မြောက်စုံပြမှ ရေတပ်လမ်းတလျှောက်ပြုလုပ်ခဲ့ကြပါသည်။

Sticker Campaign တွင် စစ်တွေ family၊ တက္ကသိုလ်များသာရေးနာရေးအသင်း၊ စိမ်းပြာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့(စစ်တွေ)၊ Wan Lark Foundation၊ ပြည်သူ့သယံဇာတအဖွဲ့၊ Natural Resource for People (NRFP)၊ Youth of the Future၊ Thazin Sky Institute Sittwe (AD 2030)၊ ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့တို့ ပူးပေါင်းပါဝင် လုပ်ဆောင်ခဲ့ကြသည်။