၂၀၁၉ ခုနှစ် မေလ ၃၀ ရက်နေ့တွင် စစ်တွေမြို့ရှိ ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့နှင့် မြောက်ဉီးမြို့ စစ်ဘေးရှောင်ပြည်သူများ ကူညီထောက်ပံ့ရေးကော်မတီမှ တာဝန်ရှိသူအချို့သည် စစ်ဘေးရှောင်ဒုက္ခသည်ပြည်သူများအားကူညီထောက်ပံ့ရေးကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။