စစ်တွေမြို့ရှိ အစိုးရအဖွဲ့ရုံးမှ ပြည်နယ်ဝန်ကြီးနှင့်စိမ်းပြာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲနှင့် ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့တို့တွေ့ဆုံရှေ့ဆက်လုပ်ငန်းစဉ်များကို ညှိုနှိုင်း
Khaing Pwint Aung
Wednesday, September 25th, 2019
၂၀၁၉ ခုနှစ် မေလ (၂၇) ရက်နေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အစိုးရအဖွဲ့ရုံးမှ ပြည်နယ်ဝန်ကြီး ဉီးကျော်လင် (စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီးဌာန) နှင့် စစ်တွေမြို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများအား လုပ်ဆောင်နေသော ပရဟိတ အရပ်ဘက်လူမှုအဖွဲ့အစည်းများကိုယ်စား စိမ်းပြာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲနှင့် ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့တို့တွေ့ဆုံပြီး ရှေ့ဆက်အတူပူးပေါင်းဆောင်ရွက်၍ ရရှိနိုင်မည့် လုပ်ငန်းစဉ်များအား ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။