၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့ထိ နမ့်ခမ်းမြို့၊ ကောင်းတပ်ရပ်ကွက်ရှိ တအောင်း (ပလောင်) လူငယ်ခန်းမတွင် “ ပြည်သူ့ဝန်ဆောင်မှုနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဆင့်အဆင့်တွင် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ အရပ်သားများပူးပေါင်းလာစေရေး” စီမံချက်ခေါင်းစဉ်ဖြင့် Community Peace Support (CPS) အဖွဲ့မှ ဉီးဆောင်ပြုလုပ်ခဲ့သည်။ သင်တန်း၏ရည်ရွယ်ချက်မှာ ကောင်းမွန်သောစီမံအုပ်ချုပ်မှုစနစ်တစ်ရပ်ဖြစ်ပေါ်လာစေရန်။ ရပ်ရွာလူထုနှင့် အရပ်ဘက်အဖွဲ့အစည်းများပူးပေါင်းလာစေရန်။ ရပ်ရွာလူထုအနေဖြင့် သတင်းအချက်အလက်ဖြန့်ဝေရာတွင် အသုံးပြုမည့်နည်းလမ်းများကို သိရှိလာစေရန်။ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ရပ်ရွာလူထုနှင့် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်တတ်စေရန်ဖြစ်သည်။ ဤသင်တန်းကို တတ်ရောက်သူတို့၏ စကားသံမှာ “ ကောင်းမွန်တဲ့စီမံအုပ်ချုပ်မှုကို သိလာရတဲ့အတွက် အရမ်းသဘောကျမိပါတယ်။ နောင်လာမည့် မျိုးဆက်သစ်များအတွက်လည်း ပိုမိုကောင်းမွန်လာမယ်လို့ ယုံကြည်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် သင်တန်း (၂) ရက်ထက်ပိုပြီး သင်ပေးမယ်ဆိုရင် ပိုမိုတတ်မြောက်မှာ ဖြစ်ပါတယ်။ တစ်ချို့က ဒီသင်ခန်းစာများနဲ့စိမ်းနေပါတယ်။ Civic Engagement အားကောင်းလာဖို့ သက်ဆိုင်ရာအကြီးအကဲများနှင့် တဆင့်ချင်းသွားဖို့လိုပါမယ်” ဟု ပြောကြားသည်။ သင်တန်းကိုတတ်ရောက်သူများမှာ IDP Camp မှ ကော်မတီဝင်များ၊ ကျေးရွာသူ ကျေးရွာသားများ၊ ကောင်းတပ်လူငယ်များ၊ ကောင်းဝိုင်းလူငယ်များ၊ Justice Society (လားရှိုး) အဖွဲ့၊ မြင့်မြတ်မောင်မယ်လူမှုဖွံ့ဖြိုးရေး (မူဆယ်) နှင့် မူဆယ်ဇုံအဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။

#Civic_Engagement

#PEACE_Project

#Helvetas

#PTFe.V