စက်တင်ဘာလ ၁၅ရက်နေ့တွင် ကျောက်မဲမြို့ရှိ ကျောင်းကုန်းကျေးရွာ ၊ လုံကြိမ်ဘုန်းကြီးကျောင်းခန်းမ၌ ထောက်ပံ့ငွေရ အရပ်ဘက်လူမှုအဖွဲ့အစည်းဖြစ်သော နန်းထိုက်စံစိတ်တူကိုယ်တူမြို့နယ်ဦးဆောင်အဖွဲ့၏ လုပ်ငန်းစဉ်တစ်ခုဖြစ်သော နှီးနှောဖလှယ်ပွဲအား ဖွံ့ဖြိူးရေးမဏ္ဍိုင်အဖွဲ့ မှသွားရောက်ကြည့်ရှုခဲ့သည်။
စီမံချက်ကာလအတွင်း ပြုလုပ်ခဲ့သော သင်တန်းများအား တက်ရောက်ခဲ့ကြသော သင်တန်းသူ/သားများမှ ဦးဆောင်၍ မိမိတို့ ရပ်ရွာအတွင်း ဖြစ်ပျက်နေသော အရေးကိစ္စများကို သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် နှီးနှောဖလှယ်ကာ အနာဂတ်တွင် ရပ်ရွာအတွင်း လူ့အခွင့်အရေးကို လေးစားလိုက်နာလာတတ်စေရန်နှင့် အရပ်ဘက်ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရန်ရည်ရွယ်၌ ၎င်းနှီးနှောဖလှယ်ပွဲအား ကျင်းပရခြင်းဖြစ်ပြီး ပွဲသို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ၊ သင်တန်းဆင်းထားသော ရွာသူ ရွာသားများနှင့် နန်းထိုက်စံအဖွဲ့ဝင်များမှ တက်ရောက်ခဲ့ကြသည်။