စက်တင်ဘာလ ၂၁ရက်နေ့ ၊ လားရှိုးမြို့ရှိ ကရင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းခန်းမတွင် လားရှိုးခရစ်ယာန်အသင်းတော်များကောင်စီ (LCC) မှ ဦးဆောင်၍ ကောက်ယူရရှိထားသော စစ်တမ်းများမှ ကျေးလက်နေ ပြည်သူလူထု အများဆုံးလိုအပ်နေသော ဝန်ဆောင်မှုများ အကြောင်းကို သက်ဆိုင်ရာအစိုးရဌာနမှ တာဝန်ရှိသူများနှင့် ပွင့်လင်းစွာ ဆွေးနွေးတိုင်ပင် အဖြေရှာနိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုတစ်ရပ်ကို ပြုလုပ်ခဲ့သည်။
နောင်တွင် ယခုကဲ့သို့ ပွဲမျိုး ဆက်လက်လုပ်ဆောင်သွားသင့်ကြောင်း ၊ ယခုပွဲတွင် မပါဝင်ခဲ့သော အချို့ ဌာနများနှင့်လည်း ထပ်မံချိတ်ဆက် ဆောင်ရွက်ရန်လိုအပ်ကြောင်း စသည့် အချက်များကို ဆွေးနွေးပွဲရလဒ်များအဖြစ် တွေ့ရှိရသည်။
ထို့အပြင် မြို့နယ် ဒုတိယ ပညာရေးမှူး ၊ မြို့နယ်ကျန်းမာရေးနှင့် အားကစားစီမံချက်ဝင် ရွာသူရွာသားများ နှင့် လားရှိုးခရစ်ယာန်အသင်းတော်များကောင်စီ အဖွဲ့ဝင်များမှ တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။