Mapping of Civil Society Organization – MON State, Myanmar (Brief Version)
နိဒါန်း
ယခုလေ့လာမှု၏အဓိကရည်ရွယ်ချက်မှာ မွန်ပြည်နယ်အတွင်း လုပ်ကိုင်
ဆောင်ရွက်နေကြသော မြန်မာအရပ် ဘက်အဖွဲ့အစည်းများအကြောင်းကို
ပိုမိုနက်ရှိုင်းစွာနားလည်သဘောပေါက်စေရန်ဖြစ်ပြီး၊ ထိုသို့နားလည်သိရှိ
ခြင်းကြောင့် LRC အနေနှင့် အရပ်ဘက်အဖွဲ့များ၏ စွမ်းဆောင်ရည်
မြင့်မားရေးအတွက်ဆောင်ရွက်မည့် သင်တန်းများ၊ အနီးကပ်ပံ့ပိုးမှု
mentoring များ၊ ကြီးကြပ်ကူညီပံ့ပိုးမှုများနှင့် တိုက်တွန်းနှိုးဆော်မှုဆိုင်ရာ
လုပ်ငန်းများ၊ အရပ်ဘက်အဖွဲ့အစည်းများလုပ်ငန်းဆောင်ရွက်မှုကို
သက်ရောက်သည့်မူဝါဒရေးရာဝန်းကျင် စသည်တို့တွင်ဆောင်ရွက်နိုင်မည့်
အခွင့်အလမ်းများကို ပိုမိုနားလည်သဘောပေါက်စေမည်ဖြစ်သည်။
LRC အနေနှင့် ရလာဒ်ပေါ်တွင်အခြေခံသော စီမံကိန်းများကိုသာ
အကောင်အထည်ဖော်ဆောင်ရွက်လိုပါသည်။ ယခုတွေ့ရှိချက်များသည်
မိတ်ဖက်အဖွဲ့ရှာဖွေခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း သို့မဟုတ် လုပ်ငန်းများ
ချဲ့ထွင်ခြင်းကို ဆောင်ရွက်လိုသော အခြားသော လူသားချင်း
စာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့အစည်းများအတွက်လည်း
အသုံးဝင်နိုင်ပါမည်။ ထို့အပြင် လက်ရှိလုပ်ဆောင်နေမှုများကို မသိပဲ ထပ်မံ
လုပ်ဆောင်မိခြင်းမျိုးမရှိအောင်ရှောင်လျားရာတွင်လည်း အထောက်အကူ
ပြုနိုင်ပါသည်။
ယခုလေ့လာမှုကို ၂၀၁၅ နိုဝင်ဘာလနှင့် ၂၀၁၆ ဖေဖော်ဝါရီလအကြားတွင်
ဆောင်ရွက်ခဲ့ပါသည်။ ယင်းတွင် အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်
ပေါင်း တစ်ရာကျော်တို့၏ ဖြေကြားမှုများနှင့် သဘောထားအမြင်များပါ
ဝင်သည်။ သို့ရာတွင် ယင်းအရေအတွက်သည် မွန်ပြည်နယ်အတွင်းရှိ
အရပ်ဘက်အဖွဲ့အစည်းများ၏ အစိတ် အပိုင်းတစ်ခုသာဖြစ်ပြီး အချိန်
ကာလတစ်ခုအတွင်း မှတ်တမ်းတင်သော မှတ်တမ်းတိုတစ်ခုသာ
ဖြစ်ပါသည်။
ယခုစာတမ်းသည် တွေ့ဆုံမေးမြန်းမှုများနှင့် ဦးတည်အုပ်စု ဆွေးနွေး
ချက်များမှတွေ့ရှိချက်များကို အကျဉ်းချုပ် ဖော်ပြထားခြင်းသာဖြစ်သည်။
လေ့လာဆန်းစစ်မှုမူဘောင်၊ နည်းဗေဒ၊ ချဉ်းကပ်ပုံ၊ မြန်မာနိုင်ငံ၏
နောက်ခံနှင့် အရပ်ဘက်အဖွဲ့အစည်းသမိုင်း အပါအဝင် အခြားစာတမ်း
များမှ လေ့လာမှုများနှင့် ရှေ့ဆက်ဖတ်ရှုရမည့်စာစုစာရင်းစသည်တို့ကိုမူ
အစီရင်ခံစာ အပြည့်အစုံတွင် လေ့လာနိုင်ပါသည်။