ပုံပြင်ကောင်းတစ်ပုဒ်ဟာ အခြားလူတွေရဲ့ အမြင်အာရုံကနေတဆင့် အခြေအနေတွေ၊ အကြောင်းအရာတွေကို ကိုယ်တိုင်တွေ့မြင်ခံစားရစေအောင် လုပ်ပေးနိုင်စွမ်းရှိပါတယ်။ ဒါ့ကြောင့် ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမီရရှိရေး ရန်ပုံငွေ (Access to Health Fund)က ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့ (Local Resource Centre – LRC) နဲ့တိုင်ပင်ပြီးမိတ်ဖက်အဖွဲ့တွေဖြစ်တဲ့ အရပ်ဘက်လူမှု့အဖွဲ့အစည်းတွေအတွက် Human Interest Story Writing သင်တန်းကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့မှာကျင်းပပြုလုပ်ပေးခဲ့ပါတယ်။ စိတ်ဝင်စားစရာကောင်း ပြီးပိုမိုကောင်းမွန်တဲ့ပုံပြင်တွေကို ရေးသားနိုင်ဖို့ရန်ရည်ရွယ်ပါတယ်။

သင်တန်းကို COVID-19 အသေးစားရန်ပုံငွေ ရထားတဲ့ အရပ်ဘက်လူမှု့အဖွဲ့အစည်း ၅၁ ဖွဲ့က တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပြီး စာဖတ်သူတွေအတွက် ခွန်အားရှိတဲ့ပုံပြင်တွေ၊ လက်တွေ့အဖြစ်အပျက်တွေကို စိတ်ဝင်စားစရာကောင်းအောင်ရေးသားဖို့ နည်းလမ်းကောင်းတွေ သင်ယူခွင့်ရခဲ့ကြပါတယ်။ ဒီသင်တန်းဟာ သင်တန်းတက်ရောက်သူတွေကို လစဉ်အစီရင်ခံစာ ကောင်းတွေ ရေးသားနိုင်ဖို့အပြင် ဇာတ်ကြောင်း၊ ပုံပြင်တွေရဲ့အရေးပါပုံတွေကို နားလည်စေရုံသာမက အပြုသဘောဆောင်တဲ့ ပုံပြင်ကောင်းတစ်ပုဒ်ဖြစ်ဖို့ အထောက်အကူပြုတဲ့ ကိုးကားချက်တွေ၊ ရပ်ရွာလူတွေရဲ့အသံတွေ၊ ဓာတ်ပုံကောင်းတွေကိုပါထည့်သွင်းဖော်ပြနိုင်ဖို့ လည်းလိုအပ်ကြောင်း ဆွေးနွေးခဲ့ကြပါတယ်။
…………….
A good true story enables us to see and feel the things through the eyes of other people. Access to Health Fund has conducted a story writing training for 51 local Civil Society Organizations (CSOs) in collaboration with Local Resource Centre – LRC on 4th December 2020.
One representative from each CSO attended the training, and they got an opportunity to learn and discuss some tips and tricks about creating a powerful human-interest story for the readers. This training aims to enable the attendees to write good monthly narrative reports, as well as to give them insights into the importance of storytelling and the inclusion of voices, quotes and attractive photos to support the story constructively.