မူးယစ်ဆေးဝါး အန္တရာယ်အား၊ လူငယ်များဖြင့် စုပေါင်းတား စီမံကိန်း၏ ပြန်လည်သုံး သပ်ခြင်းနှင့် အကြံပြုဆွေးနွေးခြင်းတစ်ရပ်ကို ဘားအံ့မြို့ရှိ ဧဒင်ခန်းမတွင် ပြုလုပ်
မူးယစ်ဆေးဝါး အန္တရာယ်အား၊ လူငယ်များဖြင့် စုပေါင်းတား စီမံကိန်း၏ ပြန်လည်သုံး သပ်ခြင်းနှင့် အကြံပြုဆွေးနွေးခြင်းတစ်ရပ်ကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ဘားအံ့မြို့၊ ရပ်ကွက် (၄)၊ သရဖီလမ်းရှိ ဧဒင်ခန်းမတွင် ပြုလုပ်ခဲ့သည်။ ရည်ရွယ်ချက်မှာ ကျေးရွာလူငယ်များမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် သက်ဆိုင်သော ဗဟုသုတများ တိုးပွားလာစေရန်နှင့် မူးယစ်ကင်းစင်သော ကျေးရွာဖြစ်လာစေရန် ဖြစ်သည်။ အခမ်းအနားသို့ ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့(LRC), Kayin Open Group, KOG- Youth, သစ္စာဂုဏ်လူငယ်အဖွဲ့၊ IYCAP, Women Initiatives Group (WIG), Free and Justice Women Network (F&J), Kayin State Women Network, Kayin State Women Democratic Active Group (KSWDAG), Naung Kyan ရွာ, Hlar Kar ရွာနှင့် Hlar Ka Myain ရွာတို့မှ အမျိုးသမီး (၂၄) ဉီးနှင့် အမျိုးသား (၁၄)ဉီး စုစုပေါင်း (၃၈) ဉီး တတ်ရောက်ခဲ့သည်။ တတ်ရောက်လာသူများထဲမှ လှာကာ ကျေးရွာမှ လူငယ်တစ်ဉီးမှ “ကျွန်တော်တို့ လူငယ်များသည် မူးယစ်ဆေးကို အလွယ်တကူ ရနိုင်တာဟာလည်း ဒါက ခြိမ်းခြောက်မှု တစ်ခုလို့တောင် ပြောလို့ရတယ်။ ကရင်ပြည်နယ်မှာ မူးယစ်ဆေးဝယ်သုံးစွဲမှုနှုန်းက အရင်ကထက် ပိုပြီးမြင့်လာတယ်ဆိုတာ ကျွန်တော်လက်ခံပါတယ်။ ဒီလိုသုံးနေတဲ့လူငယ်အများစုက မိသာစုကြောင့် သုံးတဲ့သူရှိတယ်။ အပေါင်းအသင်းမှားတာကြောင့် သုံးသူရှိတယ်။ စိတ်ဖိစီးမှုကြောင့်လည်း သုံးတဲ့သူရှိတယ်။ ပြီးတော့ အလုပ်ကြမ်းလုပ်တဲ့သူလည်း သုံးကြတယ်။ အခြေအနေအမျိုးမျိုးရှိတာပေါ့နော်။ ဒီလိုသင်တန်းလား? ကျွန်တော်အမြင်တော့ လူငယ်တွေအတွက် အရမ်းကောင်းတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရွာမှာ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်သော အသိပညာတွေဟာ ဒီလိုသင်တန်းတက်မှာ အရင်ကထက် ပိုသိလာတယ်။ ပိုပြီးတော့လည်း နားလည်လာ ပြီး လူငယ်များက အတွေးများ တွေးတတ်လာတယ်။ ဥပမာ – လူငယ်များက မူးယစ်ဆေးဝါး အန္တရာယ်သိလာ ပြီးနောက် အသုံးပြုရမှာ ကြောက်လာတယ်လေ။ ဒီလိုတွေးတတ်လာတာဟာ ဒီလိုသင်တန်းတွေ ယခုလို စည်းဝေးပွဲတွေကနေ ရလာတဲ့ အတွေးတွေပဲလေနော့်။ ဒီလိုသင်တန်းများများ လုပ်ပေးစေချင်ပါတယ်လို့ ပြောချင်ပါတယ်။” ဟု ပြောကြားခဲ့သည်။