“ထိရှလွယ်သော စီမံချက်များကို စီမံခန့်ခွဲခြင်း” ဆင့်ပွားသင်တန်း သင်တန်းလျှောက်လွှာခေါ်ယူခြင်း
“ထိရှလွယ်သော စီမံချက်များကို စီမံခန့်ခွဲခြင်း” ဆင့်ပွားသင်တန်း သင်တန်းလျှောက်လွှာခေါ်ယူခြင်း
ဥရောပ သမဂ္ဂ၏ ရံပုံငွေ ပံ့ပိုးထားသော မြန်မာနိုင်ငံတွင် မျှတသော၊ တာဝန်ခံယူမှု အပြည့်ရှိသော အရပ်ဘက် ပူးပေါင်းပါဝင်မှု မြှင့်တင်ရေး စီမံချက်
နောက်ခံသမိုင်း
ဤ လျှောက်လွှာခေါ်ယူနေသော သင်တန်း သည် ဥရောပ သမဂ္ဂမှ ရံပုံငွေပံ့ပိုးထား၍ HELVETAS Myanmar နှင့် Partnership for Transparency Fund (PTFeV) တို့မှ လုပ်ငန်းမိတ်ဖက်အနေဖြင့် ကူညီထောက်ပံ့ပေးပြီး ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့မှ စီမံကိန်း အဓိက ဦးဆောင် အကောင်အထည်ဖော်ဆောင်ရွက်နေသော မြန်မာနိုင်ငံတွင် မျှတသော၊ တာဝန်ခံယူမှုအပြည့်ရှိသော အရပ်ဘက်ပူးပေါင်းပါဝင်မှု မြှင့်တင်ရေးစီမံချက်၏ လုပ်ဆောင်ချက် အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ အဓိက လုပ်ငန်းအကောင်အထည်ဖော်မည့် နေရာများမှာ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း တို့ ပါဝင်ပါသည်။ HELVETAS Myanmar သည် စီမံကိန်း ဦးဆောင်အဖွဲ့အနေဖြင့် တာဝန်ယူပြီး ဖွံဖြိုးရေးမဏ္ဍိုင်အဖွဲ့ကို ထောက်ပံ့ပေး၍ စီမံချက် အကောင်အထည်ဖော်နေချိန်အတွင်း အရည်အသွေး စီမံခန့်ခွဲမှုကို PTFeV မှ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာ ဧရိယာများတွင် ကြားဝင်ဆောင်ရွက်သွားမည်ဖြစ်သည်။
စီမံချက်၏ ရည်မှန်းချက်မှာ မတူကွဲပြားမှု၊ လူမှုပါဝင်မှု၊ တာဝန်ခံယူမှု၊ ပွင့်လင်းမြင်သာမှုနှင့် အရပ်ဘက်တာဝန်ရှိမှုတို့ကို အားပေးပံ့ပိုးကူညီပေးနိုင်သည့် လုပ်နိုင်စွမ်းမြင့်မားပြီး တာဝန်ခံယူမှုအပြည့်ရှိသော အရပ်ဘက်အဖွဲ့အစည်းအသိုက်အမြုံတစ်ခု ဖြစ်ပေါ်လာစေရေးအတွက် ပြည်တွင်းအရပ်ဘက်အဖွဲ့များ၏ အရင်းအမြစ်များကို တိုးတက်ကောင်းမွန်လာစေရန်နှင့် စွမ်းဆောင်ရည်ခိုင်မာအားကောင်းလာစေရန် ဖြစ်သည်။
အသေးစိတ်အချက်အလက်များကို download pdf ကိုနှိပ်၍ ဖတ်ရှု့နိုင်သည်။
Application Form ကို download file တွင် ရယူနိုင်သည်။
ဤလျှောက်ထားခြင်း ဖြစ်စဉ်နှင့်ပက်သက်၍ တစ်စုံတစ်ရာ မေးမြန်းရန်ရှိပါက အောက်ဖော်ပြပါပုဂ္ဂိုလ်အား ဆက်သွယ် မေးမြန်းနိုင်ပါသည်။
အမည် – ကျော်ဇင်ကိုကို
ရာထူး – Programme Manager
ဆက်သွယ်ရန် ဖုန်း – ၀၉-၂၅၃၃၉၇၇၄၉-၅၃ ext ၁၀၃
အီးမေးလ် – programmemanager.lrc@gmail.com