စည်းရုံးလှုံ့ဆော်မှု သင်တန်း လျှောက်လွှာခေါ်ယူခြင်း (Expression of Interest for multiplier training on Advocacy)
ဤ လျှောက်လွှာခေါ်ယူနေသော သင်တန်း သည် ဥရောပ သမဂ္ဂမှ ရံပုံငွေပံ့ပိုးထား၍ HELVETAS Myanmar နှင့် Partnership for Transparency Fund (PTFeV) တို့မှ လုပ်ငန်းမိတ်ဖက်အနေဖြင့် ကူညီထောက်ပံ့ပေးပြီး ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့မှ စီမံကိန်း အဓိက ဦးဆောင် အကောင်အထည်ဖော်ဆောင်ရွက်နေသော မြန်မာနိုင်ငံတွင် မျှတသော၊ တာဝန်ခံယူမှုအပြည့်ရှိသော အရပ်ဘက်ပူးပေါင်းပါဝင်မှု မြှင့်တင်ရေးစီမံချက်၏ လုပ်ဆောင်ချက် အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ အဓိက လုပ်ငန်းအကောင်အထည်ဖော်မည့် နေရာများမှာ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း တို့ ပါဝင်ပါသည်။ HELVETAS Myanmar သည် စီမံကိန်း ဦးဆောင်အဖွဲ့အနေဖြင့် တာဝန်ယူပြီး ဖွံဖြိုးရေးမဏ္ဍိုင်အဖွဲ့ကို ထောက်ပံ့ပေး၍ စီမံချက် အကောင်အထည်ဖော်နေချိန်အတွင်း အရည်အသွေး စီမံခန့်ခွဲမှုကို PTFeV မှ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာ ဧရိယာများတွင် ကြားဝင်ဆောင်ရွက်သွားမည်ဖြစ်သည်။
စီမံချက်၏ ရည်မှန်းချက်မှာ မတူကွဲပြားမှု၊ လူမှုပါဝင်မှု၊ တာဝန်ခံယူမှု၊ ပွင့်လင်းမြင်သာမှုနှင့် အရပ်ဘက်တာဝန်ရှိမှုတို့ကို အားပေးပံ့ပိုးကူညီပေးနိုင်သည့် လုပ်နိုင်စွမ်းမြင့်မားပြီး တာဝန်ခံယူမှုအပြည့်ရှိသော အရပ်ဘက်အဖွဲ့အစည်းအသိုက်အမြုံတစ်ခု ဖြစ်ပေါ်လာစေရေးအတွက် ပြည်တွင်းအရပ်ဘက်အဖွဲ့များ၏ အရင်းအမြစ်များကို တိုးတက်ကောင်းမွန်လာစေရန်နှင့် စွမ်းဆောင်ရည်ခိုင်မာအားကောင်းလာစေရန် ဖြစ်သည်။
ဤသင်တန်း၏ရည်မှန်းချက်မှာ ဖွံ့ဖြိုးရေးကဏ္ဍရပ်များလုပ်ဆောင်နေကြသော အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ စည်းရုံးလှုံ့ဆော်မှု (Advocacy) စွမ်းရည်များ ပိုမိုတိုးမြင့်လာစေရန် ဖြစ်သည်။
သင်တန်းပြီးဆုံးသော အရပ်ဘက်အဖွဲ့အစည်းများသည် သင်တန်း ပြီးဆုံးကြောင်း အသိအမှတ်ပြုလက်မှတ် ရရှိမည်ဖြစ်ပြီး ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့မှ ဦးဆောင်အကောင်အထည်ဖော်မည်ဖြစ်သော ဒေသ/တိုင်းနှင့်ပြည်နယ် အဆင့်နှင့် နိုင်ငံတော်အဆင့် စည်းရုံးလှုံ့ဆော်ခြင်း လုပ်ငန်းစဉ်များတွင် ပါဝင်ရန် အလျဉ်းသင့်သလို ဖိတ်ခေါ်သွားမည်ဖြစ်ပါသည်။
အသေးစိတ်အချက်အလက်များကို download pdf လင့်ခ် ကို နှိပ်၍ ဖတ်ရှုနိုင်သည်။