Dragon Youth Network အဖွဲ့မှ ကရင်ပြည်နယ် ကျော့ရွာ၌ လူထုတွေ့ဆုံပွဲတစ်ရပ်ကျင်းပ
ပြည်သူများ ပါဝင်ပူးပေါင်းပြီး ကောင်းမွန်သော စီမံအုပ်ချုပ်မှုစနစ်တစ်ရပ် ဖြစ်ထွန်းလာစေရေးစီမံချက်ဖြင့် အောက်တိုဘာလ ၂၅ရက်နေ့ ၊ ကျော့ရွာရှိ ဘုန်းကြီးကျောင်း၌ လူထုတွေ့ဆုံပွဲတစ်ခုကို ကျင်းပခဲ့သည်။
ဒေသခံပြည်သူနှင့် အစိုးရဆိုင်ရာဌာနကြား ချိတ်ဆက်မှုအားကောင်းလာစေရန်နှင့် လူငယ်များသည် နိုင်ငံရေးကို ပိုမိုအားကောင်းလာစေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပြီး ၎င်းပွဲကို ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့မှ ထောက်ပံ့ငွေရ Dragon Youth Network မှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
“ယခု လူထုတွေ့ဆုံပွဲမှာ တက်ရောက်ရတာ အရမ်းပျော်တယ်။ ဘာလို့လဲဆိုတော့ အစိုးရက လူကြီးတွေများနှင့် လွှတ်တော်ကိုယ်စားလှယ်များရဲ့ လုပ်ငန်းစဉ်များသိလာ ရတယ်။ ပြီးတော့ ဥပဒေအကြောင်းနဲနဲပါးပါး သိလာရတယ်။ အရင်တုန်းကတော့ သင်တန်းတက်ခဲ့ဖူးပါတယ် ဒီလောက်တော့ အစိုးရဌာနတွေ မပါဘူးပေါ့။ ခုလို အစိုးရဌာနများနဲ့ သိလာရတာ တကယ်ပျော်ပါတယ်။ ခုဆိုရင် လွှတ်တော်ကဆိုရင် လွှတ်တော်အကြောင်း သိလာရတယ် တရားဥပဒေအကြောင်းလည်း သိလာရတယ်။ မူးယစ်တွေပါ သိလာရတယ်။ ခုလို သင်တန်းဖြစ်မြောက် ကူညီပေးသော အဖွဲ့အစည်းများ၊ ဒီဆရာခွန်ဝင်အောင်တို့အဖွဲ့ကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ကျော့ရွာမှ နန်းရွှေစင်ဝင်းမှ ပြောကြားခဲ့သည်။
“ဒီသင်တန်းက ကျွန်မအတွက် အရမ်းကောင်းတယ် ဘာလို့လဲဆိုတော့ မသိခဲ့ရတဲ့အရာတွေ သိလာရတယ်။ ဒီသင်တန်းမှာ ပေးခေါင်းစဉ်များထဲက တရားစီရင်းရေးနှင့် ဥပဒေစိုးမိုးရေးကို အရမ်းစိတ်ဝင်စားတယ်. ထပ်လေ့လာဖို့လည်း ရှိတယ်။ ဒီလိုသင်တန်းတွေလို နောက်ထပ် ထပ်ပေးပိုလည်း မျှော်လင့်ပါတယ်။ ကူညီပေးသော အဖွဲ့ကိုလည်း ကျေးဇူးတင်ပါတယ်။ ဆရာခွန်ဝင်အောင်ကိုလည်း ကျေးဇူးတင်ပါတယ်။ ထပ်ပြီတော့ အကြံပေးရမယ်ဆိုရင် ထပ်ကူညီပေးပါလို့ အကြံပြုပါတယ်။ ကျေးဇူးတင်ပါတယ်” ဟုလည်း နန်းလှမျိုးသဉ္ဇာနွယ်မှ ထပ်လောင်းပြောကြားခဲ့သည်။
#CivicEngagement
#PEACE_Project
#Helvetas
#PTFe.V