ကိုဗစ်၁၉ ဖြစ်ပွားနေချိန်မှာ မိသားစု အတော်များများ အပြင်မထွက်ပဲ အိမ်မှာနေနိုင်ပေမယ့် နားခိုစရာ အိမ်ရယ်လို့ မရှိသူတွေကော ဘယ်လိုနေကြပါသလဲ။ အိမ်ယာမဲ့ ကလေးတွေနဲ့ မိသားစုတွေကတော့ လမ်းပေါ်ထွက် အလုပ်မလုပ်ရင် စားဖို့တောင် အခက်အခဲရှိပါတယ်။ အပြင်မထွက်ရ ကန့်သတ်ချက်တွေကြားမှာ သူတို့တွေ ဘယ်လို ရုန်းကန်နေကြပါသလဲ။
ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမှီရရှိရေး ရန်ပုံငွေ (Access to Health Fund) က ဖွံ့ဖြိုးရေး မဏ္ဍိုင်အဖွဲ့ (Local Resource Centre – LRC) ကတဆင့် ဒေသခံရပ်ရွာအခြေပြုလူမှုအဖွဲ့အစည်းတွေကို ရန်ပုံငွေပံ့ပိုးထားပါတယ်။ မြန်မာနိုင်ငံနယ်စပ်ဒေသဖွံ့ဖြိုးရေးအသင်း (Border Areas Development Association (BDA)) ဟာ LRC နဲ့ လက်တွဲလုပ်ကိုင်နေတဲ့ရပ်ရွာအခြေပြုလူမှုအဖွဲ့အစည်းတခုဖြစ်ပြီး အိမ်ယာမဲ့ ကလေးတွေနဲ့ မိသားစုတွေရဲ့ အခက်အခဲတွေ လျော့ပါးသက်သာအောင်၊ ကိုဗစ်ကာလအတွင်း ဘေးကင်းစွာနေထိုင်နိုင်အောင် ကူညီပံ့ပိုးပေးနေပါတယ်။
BDA က အိမ်ယာမဲ့ မိသားစုတွေကို အခြေခံအစားအသောက်တွေပံ့ပိုးရင်း နှာခေါင်းစည်းစနစ်တကျဝတ်ဆင်ပုံ၊ လက်ဆေးတဲ့အလေ့အထစတဲ့ ကူးစက်ရောဂါကာကွယ်ရေး နည်းလမ်းတွေကို ပညာပေးသင်ကြားပြသ ပေးနေပါတယ်။ လှိုင်သာယာနဲ့ ဒလမြို့နယ်မှာရှိတဲ့ အိမ်ယာမဲ့ ကလေး ၄၅၀ ဝန်းကျင်ကို အဓိကထား ပံ့ပိုးပေးနေတာဖြစ်ပါတယ်။
ဒါ့အပြင် BDA ဟာ အဲ့ဒီမြို့နယ် နှစ်ခုမှာရှိတဲ့ ရပ်ရွာစင်တာပွိုင့် ၃၀ မှာလည်း ကိုဗစ်၁၉ ဆိုင်ရာ အသိပညာပေး vinyl ပိုစတာတွေဖြန့်ဝေပေးခြင်းတွေကို လုပ်ဆောင်နေပါတယ်။
[English below]
Many of us can stay at home during COVID19. But what happened to those who do not have a home to stay? Street children and their families can’t earn food if they can’t work on the streets. Have you imagined how they’ve been struggling during lockdowns?
Border Areas Development Association (BDA), one of the CSOs funded by Access to Health through the Local Resource Centre, is helping them to lessen their burden and to stay safe during the pandemic.
BDA is providing basic food packages to street families while educating them on preventive behaviors such as how to wear masks properly and handwashing practices. The initiative has targeted about 450 street children and their families in Hlaing Thar Yar and Dala townships of Yangon.
While focusing on street families, BDA support includes COVID19 awareness-raising in 30 center points in these two townships.