စခန်းညှိုနှိုင်းဆောင်ရွက်ရေးနှင့် စီမံခန့်ခွဲရေးနှင့် စခန်းစီမံခန့်ခွဲရေးသင်တန်း, မြောက်ဉီးမြို့
Khaing Pwint Aung
Monday, September 23rd, 2019
မြောက်ဉီး Youth Association (MYUA) မှ ပြုလုပ်သော စစ်ဘေးရှောင်စခန်း “စခန်းညှိုနှိုင်းဆောင်ရွက်ရေးနှင့် စီမံခန့်ခွဲရေး (၁) ရက်တာသင်တန်းကို မြောက်ဉီးမြို့ရှိ ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့ရုံးမှ လိုအပ်သည့် စာရေးကိရိယာများအပြင် Facilitation & Mobilization Role, Documentation Role နှင့် အခြားပံ့ပိုးမှုများကို တတ်အားသမျှပါဝင်ကူညီပေးခဲ့သည်။
သင်တန်းတွင် မြောက်ဉီးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်း (၁၆) ခုမှ စခန်းတာဝန်ခံများနှင့် မြောက်ဉီးမြို့ပေါ်ရှိ စစ်ဘေးရှောင်ဒုက္ခသည်စခန်းများအား ကူညီဆောင်ရွက်ပေးနေသော အရပ်ဘက်လူမှုအဖွဲ့အစည်း (၆)ခုမှ တာဝန်ရှိသူတို့တက်ရောက်ခဲ့ကြပါသည်။