အပတ်စဉ် (၄) ကျေးလက်အခြေပြုသက်မွေးပညာသင်တန်းကျောင်းများသို့သွားရောက်လေ့လာကြည့်ရှုခြင်း

ကရင်ပြည်နယ်ရှိ ဖွံဖြိုးရေးမဏ္ဍိုင်အဖွဲ့မှ ပြည်နယ်ညှိနှိုင်းရေးမှူးနှင့် လက်ထောက်ပြည်နယ်ညှိနှိုင်းရေးမှူး တို့သည် ၂၀၁၉ခုနှစ် စက်တင်ဘာလ ၂၀ရက်နေ့တွင် သံတောင်မြို့ (၁၃) မိုင်ရှိ ကျေးလက်အခြေပြုသက်မွေး ပညာသင်တန်း ကျောင်းသို့လည်းကောင်း၊ စက်တင်ဘာလ ၂၅ရက်နေ့တွင်  ကြာအင်းဆိပ်ကြီးမြို့ရှိ   ကျေးလက်အခြေပြု သက်မွေးပညာသင်တန်းကျောင်းသို့လည်းကောင်း၊ စက်တင်ဘာလ ၂၆ရက်နေ့တွင် မြ၀တီမြို့ရှိ ကျေးလက် အခြေပြုသက်မွေးပညာသင်တန်း ကျောင်းသို့လည်းကောင်း သွားရောက်လေ့လာ ကြည့်ရှုခဲ့ပြီး အားပေး စကားများ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် ကျန်းမာရေးနှင့် လူမှုဆက်ဆံရေးဆိုင်ရာ ဆောင်ရန်ရှောင်ရန်များအား ပြောကြားခဲ့သည်။