Author Archives: Khaing Pwint Aung

ရန်ကုန်ပြုအခြေပြုကွန်ယက်၏ ၂နှစ်တာ မဟာဗျူဟာမြောက်နည်းလမ်းများကို (၂) ရက်တာ ရန်ကုန်တွင် ကျင်းပပြုလုပ်

စက်တင်ဘာလ ၂၆ရက်နေ့နှင့် ၂၇ရက်တို့တွင် ရန်ကုန်တိုင်းအနေဖြင့် ဖွဲ့စည်းခဲ့သော ရန်ကုန်အခြေပြုကွန်ယက်၏ ၂နှစ်တာ မဟာဗျူဟာမြောက်နည်းလမ်းများကို Hotel H-valley တွင် ၂ရက်တာကျင်းပခဲ့သည်။

၂ရက်တာအစည်းအဝေးတွင် ကွန်ယက်မှ ဆက်လက် အကောင်အထည်ဖော်ဆောင်သွားမည့် ကိစ္စရပ်များ ၊ ကွန်ယက်၏ ပဲ့ကိုင်ကော်မတီဝင်များနှင့် မဟာဗျူဟာမြောက်နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။

 

လှိုင်းဘွဲ့မြို့၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း အရပ်ဘက်လူထုပူးပေါင်းပါဝင်မှုမြှင့်တင်ရေးသင်တန်းပြုလုပ်

အောက်တိုဘာလ ၁၉ရက်နေ့ ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း (လှိုင်းဘွဲ့မြို့)၌ အရပ်ဘက်လူထု ပူးပေါင်းပါဝင်မှုမြင့်တင်ရေးသင်တန်းကို လှိုင်းဘွဲ့မြို့ရှိ လူငယ်များသည် လူမှုရေး ၊ နိုင်ငံရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ရပိုင်ခွင့်များကို သိရှိလာစေရန် ရည်ရွယ်၍ ပြုလုပ်ခဲ့သည်။

သင်တန်းသို့ တက်ရောက်လာသော အသက်၂၀နှစ်ရှိသူ နော်လှလှဖြူ (လှိုင်းဘွဲ့မြို့)မှ “ဒီCivic Engagement က လူထုအတွက် ကောင်းတဲ့သင်တန်းတစ်ခုပါ။ ဘာလို့လဲဆိုတော့ Civic Engagement က ပြည်သူလူထုရဲ့ စိုးရိမ်မှုတွေကို ဖြေရှင်းဖို့နဲ့ ရပ်ရွာရဲ့ အရည်အသွေးကို မြှင့်တင်ဖို့ဖြစ်တယ်။ ဒီသင်တန်းတက်ရောက်ရတဲ့ရည်ရွယ်ချက်ကတော့ လူထုပူးပေါင်းပါဝင်မှုကို ပိုပြီးနားလည်လာအောင်ရယ် ပြည်သူတစ်ဦးဖြစ်တဲ့အတွက် နိုင်ငံသားကောင်းတစ်ယောက် ရှိသင့်ရှိထိုက်တဲ့ တာဝန်ဝတ္တရားတွေကို သိရှိပြီး ပြုမှုနေထိုင်တတ်ဖို့အတွက် တက်ရောက်ရခြင်းဖြစ်တယ်” ဟု ၎င်းသင်တန်းသို့ တက်ဖြစ်ရသည့်အကြောင်းအရင်းများကို ပြောကြားခဲ့သည်။

ထို့အတူ လှိုင်းဘွဲ့မြို့ (က)ရပ်ကွက်နေ မစမ်းစမ်းဝေမှလည်း “Civic Engagement ကိုနားလည်သလိုပြောရရင် တစ်ဦးသော်လည်းကောင်း ၊ အုပ်စုလိုက်သော်လည်းကောင်း ၊ ရပ်ရွာလူထုအတွက် ပြောင်းလဲမှု (သို့မဟုတ်) ကွဲပြားတဲ့တိုးတက်မှုများ လုပ်ဆောင်ပေးနိုင်မှုလို့ နားလည်တယ်။ ပြောင်းလဲမှု (သို့မဟုတ်) ကွဲပြားသော တိုးတက်မှုတွေက အများကြီးရှိတာပေါ့နော်။ ဥပမာ – အမှိုက်ကောက်စနစ်မရှိတဲ့နေရာမှာ အမှိုက်ကောက်စနစ်ရှိလာရင် ဒါသည် ပြောင်းလဲမှုမျိုးဖြစ်တယ်။ ပြီးတော့ လမ်းမကောင်းတဲ့နေရာမှာ လမ်းကောင်းလာအောင် လုပ်ပေးနိုင်ခြင်းသည် ဒါက ကွဲပြားသော တိုးတက်မှုလို့ပြောလို့ ရပါတယ်။ ဒီသင်တန်းကို တက်ရတဲ့ရည်ရွယ်ချက်က မသိသေးတဲ့အရာတွေ သိလာဖို့နဲ့ သိထားတဲ့အရာတွေကို ပိုသိအောင်ပါ” ဟု ထပ်လောင်းပြောကြားခဲ့သည်။

#CivicEngagement

#PEACE_Project

#Helvetas

#PTFe.V

သန်လျင်မြို့ရှိ သီဟဒီပ အားကစားရုံတွင် ကျင်းပပြုလုပ်သော ဗဟိုအဆင့် ကမ္ဘာ့သားဆက်ခြားခြင်းဆိုင်ရာ အထိမ်းအမှတ်ပြပွဲတွင် ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့မှ ပါဝင်ခဲ့

ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့မှ သန်လျင်မြို့ရှိ သီဟဒီပ အားကစားရုံတွင် ကျင်းပပြုလုပ်သော ဗဟိုအဆင့် ကမ္ဘာ့သားဆက်ခြားခြင်းဆိုင်ရာ အထိမ်းအမှတ်ပြပွဲတွင် ပါဝင်ခဲ့သည်။ ပြပွဲ၏ရည်ရွယ်ချက်မှာ မျိုးဆက်ပွားကျန်းမာရေးအား လူထုမှ ပိုမိုကျယ်ပြန့်စွာသိရှိနိုင်ရေးအတွက် အသိပညာပေးရန်ဖြစ်သည်။

လားရှိုးမြို့ရှိ Justice Society မှ ပြုလုပ်သော လူထု-ဌာနဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲသို့ ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့မှ သွားရောက်ကြည့်ရှုခဲ့

Justice Society အဖွဲ့မှ ဦးဆောင်ကျင်းပသော ဒုတိယအကြိမ်မြောက် Multi-stakeholder dialogue ပွဲသို့ ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့မှ သွားရောက်ကြည့်ရှလေ့လာခဲ့သည်။

စကားဝိုင်းဆွေးနွေးပွဲသည် အောက်တိုဘာလ ၁၁ရက်နေ့ ၊ Sky View Hotel ခန်းမတွင် ပြုလုပ်ကျင်းပခဲ့ပြီး ကျေးရွာလူထုနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအကြား အပြုသဘောဆောင်သော ရင်းနှီးမှုများ ရရှိလာစေရန် ၊ ကျေးရွာလူထုများအနေနှင့် ဌာနဆိုင်ရာအသီးသီး၏ လုပ်ဆောင်ချက် ၊ လုပ်ထုံးလုပ်နည်များကို ပိုမိုသိရှိလာစေရန် ၊ ကျေးရွာလူထုအနေနှင့် မိမိတို့၏လိုအပ်ချက်များကို သက်ဆိုင်ရာ ဌာနဆိုင်ရာများရှေ့တွင် ချပြဆွေးနွေးနိုင်မှု ရရှိစေရန်နှင့် ကျေးရွာလူထုအနေနှင့် ဌာနဆိုင်ရာများအကြား ပိုမိုအားကောင်းသော ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နိုင်မည့် နည်းလမ်းများ ရရှိလာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်သည်။

ပွဲသို့ ကျေးရွာပေါင်း ၂၅ရွာမှ ရွာသူရွာသားများ ၊ ကျေးလက်လမ်းဦးစီးဌာန ၊ သစ်တောဌာန ၊ ကျန်းမာရေးဌာန ၊ ပြန်လည်ထူထောင်ရေး ၊ METTA Foundation ၊ Rule of Lawမှ တာဝန်ရှိ အသီးသီးမှ တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။

#Civic_Engagement
#PEACE_Project
#Helvetas
#PTFe.V

မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ဆွေးနွေးပွဲကို ရှမ်းပြည်နယ် လာရှိုးမြို့တွင်ပြုလုပ်

မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ဆွေးနွေးပွဲကို ရှမ်းပြည်နယ် လာရှိုးမြို့ရှိ ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့ရုံးတွင် အောက်တိုဘာလ (၁၀)ရက်နေ့တွင် ပြုလုပ်ရာ အရပ်ဘက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများတတ်ရောက်ခဲ့ကြသည်။

Clean Dawei အဖွဲ့မှ တနင်္သာရီတိုင်းဒေသကြီးတွင် အမှိုက်စနစ်တကျစွန့်ပစ်ရေးလူထု လှုပ်ရှားမှုပြုလုပ်

Clean Dawei အဖွဲ့၏ အမှိုက်စနစ်တကျစွန့်ပစ်ရေးလူထု လှုပ်ရှားမှုကို အောက်တိုဘာလ (၁၀) ရက်နေ့တွင် Clean Dawei အဖွဲ့မှ ဦးဆောင်ကျင်းပသောအမှိုက်စနစ်တကျ စွန့်ပစ်ကြရေးလူထုလှုပ်ရှားမှုအား ကျင်းပပြုလုပ်ခဲ့သည်။
လှုပ်ရှားမှုတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်မောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးခင်မောင်အေး၊ ဒုဥက္ကဌ ဦးကြည်စိုး၊ ယာဉ်ထိန်းတပ်ဖွဲ့များ၊ စည်ပင်သာယာရေး၊ လမ်းဉီးစီး၊ ပို့ဆောင်ဆက်သွယ်ရေး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ကြက်ခြေနီနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ Miss Dawei Universal အလှမယ်များနှင့် Clean Dawei အဖွဲ့ဝင်များ တက်ရောက်ကြသည်။ ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့မှလည်း ပူးပေါင်းပါဝင်ခဲ့သည်။
လူထုလှုပ်ရှားမှုများအဖြစ် ပညာပေးဆိုင်းဘုတ်များ မြို့အနှံ့စိုက်ထူခြင်းနှင့် အသိပညာပေးစတေကာ ကမ်ပိန်းလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ကြသည်။