Author Archives: Khaing Pwint Aung

လူငယ်များနှင့် အမျိုးသမီးများ လူ့အခွင့်အရေးနှင့် ခေါင်းဆောင်မှုပုံစံများ ပိုသိရှိလာစေရန် အစည်းအဝေးကို အားသစ်ရောင်ခြည်အဖွဲ့မှ ဉီးဆောင်ပြုလုပ်

လူငယ်များနှင့် အမျိုးသမီးများ လူ့အခွင့်အရေးနှင့် ခေါင်းဆောင်မှုပုံစံများ ပိုသိရှိလာစေရန်နှင့် ရရှိထားသော အသိပညာဗဟုသုတများ ပြန်လည်အသုံးပြုခြင်း ရှိ/မရှိ သိရှိရန် ရည်ရွယ်၍ ပြန်လည်ဆန်းစစ်ခြင်းနှင့် ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးကို အောက်တိုဘာလ ၂၆ရက် ၊ ဒိုင်ပြကုန်းကျေးရွာရှိ ဘုန်းကြီးကျောင်း၌ ပြုလုပ်ကျင်းပခဲ့သည်။
အစည်းအဝေးပွဲသည် လက်တွဲညီညီရှေ့သို့ချီ စီမံကိန်းဖြင့် ထောက်ပံ့ငွေရအဖွဲ့ဖြစ်သော အားသစ်ရောင်ခြည်အဖွဲ့မှ ဦးဆောင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်ကတော့ ဒီဆရာမအဖွဲ့ လုပ်တဲ့ပွဲကို မတက်ရောက်ဖူးဘူး။ ဒါက သူလုပ်တဲ့ပွဲမှာ ပထမဆုံး တက်ရောက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် တခြားအဖွဲ့က လုပ်တဲ့ လူ့အခွင့်အရေးသင်တန်းတွေ ဒီလို ခေါင်းဆောင်မှုပုံစံတွေ သုံးခေါက် လေးခေါက်လောက်‌ တက်ရောက်ခဲ့ဖူးတယ်။ ဒီစည်းဝေးပွဲက ကောင်းတယ်လို့ မြင်တယ် ဘာလို့လဲဆိုတော့ ကိုယ် သင်တန်းတက်ခဲ့လို့ ရလာတဲ့ ဗဟုသုတတွေ မမေ့အောင် လုပ်ပေးတယ်။ ပြီးတော့ ဒီအစည်းအဝေးမှာ တက်ရောက်လာသူဆီကနေ ဗဟုသုတလည်း ရရှိစေပါတယ်။ ကျွန်တော်မြင်တာကတော့ ကျွန်တော်တို့လူငယ်တွေ ထပ်သင်ယူဖို့ အများကြီးလိုအပ်တယ်။ လူငယ်တွေကလည်း လူ့အခွင့်အရေးသင်တန်းလိုမျိုး ခေါင်းဆောင်မှုပုံစံ/နှုန်းများသင်တန်းတွေလို အများကြီးလိုအပ်တယ်။ လူငယ်တွေ ဗဟုသုတတွေ နည်းနေသေးတယ်လို့ မြင်တယ်။ ဒီအစည်းအဝေးပွဲကို လုပ်ပေးတဲ့ ဒီကဆရာမကြည်ကြည်ဝင်းကိုလည်း ကျေးဇူးတင်ပါတယ်။ ကူညီးပေးတဲ့ အဖွဲ့အစည်း များကိုလည်း ကျေးဇူးတင်ပါတယ်” ဟု အစည်းအဝေးပွဲသို့တက်ရောက်လာသူ အသက် ၂၉နှစ်အရွယ်ရှိ ၊ အောက်ပိန္ဒဲတော ကျေးရွာမှ စောသန်းဇော်မှ ၎င်း၏ အတွေ့အကြုံများကို ဝေမျှခဲ့သည်။
ထို့အပြင် ယခင်အခြေအနေနှင့် ယခုအခြေအနေ ကွာခြားပုံကိုလည်း “လူ့အခွင့်အရေးကို အရင်းပြောရမယ်ဆိုရင် ခုအခြေအနေမှာ တော်တော်လေးကို ကောင်းလာနေပါပြီး။ ဦးတို့အရင်ကဆို လူ့အခွင့်အရေးမပြောနဲ့ ကိုယ့်ရဲ့နွားကို ကိုယ့်အရှေ့မှာတင် ဆွဲခေါ်သွားတာတောင် ပြောလို့မရဲဘူး။ ပြောရင်တော့ အသတ်ခံရမှာလေ။ ဘယ်ပြောရဲမလဲ။ အရမ်းလည်း ခက်ခဲတယ်။ ခုဆိုရင် လူငယ်တွေ ပြောခွင့်ဆိုခွင့်တွေ ရှိလာတာ အရမ်းဝမ်းသာတယ်။ တိုးတက်လာတယ်လို့ ပြောလို့ရတယ်။ ခေါင်းဆောင်မှုလား? အမျိုးမျိုးရှိတာပေါ့။ ကောင်းတဲ့ခေါင်းဆောင်ရှိ သလို ဆိုးတဲ့ခေါင်းဆောင်တွေလည်း ရှိပါတယ်။ ကြားမှာမှ ဟိုယိမ်ဒီယိမ်တဲ့ ခေါင်း‌ဆောင်တွေလည်း ရှိပါတယ်။ ဦးဖြတ်သန်းလာတစ်လျှောက်ကိုလား? အင်း အမျိုးမျိုးပေါ့။ ဒါပေမယ့် ကောင်းတဲ့ခေါင်းဆောင်နဲ့ ကြုံရနည်းတယ်။ ဒီသင်တန်းက ဦးအမြင်တော့ အရမ်းကောင်းတယ်။ လူသားဖြစ်တည်ကတည်က ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ လူငယ်တွေသိလာတယ်။ ဦးတို့ငယ်ငယ်က ဒါတွေ မရှိဘူး။ သိလည်းမသိဘူး” ဟု ဝင်းပရကျေးရွာမှ ဦးဘဝင်းမှလည်း ထပ်လောင်းပြောကြားခဲ့သည်။
#CivicEngagement
#PEACE_Project
#Helvetas
#PTFe.V

လိင်မှုဆိုင်ရာ၊ မျိုးဆက်ပွားကျန်းမာရေးနှင့် အခွင့်အရေးများအကြောင်း မီဒီယာအလုပ်ရုံဆွေးနွေးပွဲ အတွက် သင်တန်းသားလျှောက်လွှာခေါ်ယူခြင်း

လိင်မှုဆိုင်ရာ၊ မျိုးဆက်ပွားကျန်းမာရေးနှင့် အခွင့် အရေးများအကြောင်း မီဒီယာအလုပ်ရုံဆွေးနွေးပွဲအတွက် သင်တန်းသား လျှောက်လွှာခေါ်ယူခြင်း 

ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့ (Local Resources Center)သည် လိင်မှုဆိုင်ရာ၊ မျိုးဆက်ပွားကျန်းမာရေးနှင့် အခွင့် အရေးများအကြောင်း မီဒီယာအလုပ်ရုံဆွေးနွေးပွဲတစ်ခုကို  ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၅ ရက် နှင့်၂၆ ရက် တို့တွင် မန္တလေးမြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

မြန်မာ့လူမှုဝန်းကျင်တွင်လိင်မှုဆိုင်ရာနှင့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အကြောင်းအရာများ ပြောဆိုဆွေးနွေးရာတွင် ယဉ်ကျေးမှုအရမပြောသင့်မပြောအပ်သောအရာများအဖြစ်မှတ်ယူနေဆဲဖြစ်ပါသည်။ သို့သော် လိင်မှုဆိုင်ရာနှင့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာပြဿနာများ၊ စိန်ခေါ်မှုများမှာ  လူမှုစီးပွားရေး အဆင့်အတန်း၊ ဘာသာရေး၊ ယဉ်ကျေးမှုတို့နှင့်မသက်ဆိုင်ပဲ ကမ္ဘာနှင့်အဝန်းဖြစ်ပေါ်လျက်ရှိပါသည်။ ဤ သတင်းအချက်အလက်များကို လူထုအကြား သင့်တော််သောအသုံးအနှုန်းများဖြင့်အသုံးပြု၍ ရှင်းလင်းတင်ပြ တတ်စေရန်၊  တိကျမှန်ကန်စွာ သတင်းဖြန့်ဝေနိုင်စေရန်အတွက်ရည်ရွယ်၍ ယခုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ပါသည်။
သင်တန်းကာလ ၂ ရက်အတွင်း ပြည်သူ့ကျန်းမာရေးမူဝါဒများ၊ မြန်မာနိုင်ငံ၏ အဓိကကျသော လိင်မှုဆိုင်ရာနှင့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ပြဿနာများကိုလေ့လာပြီး လိင်မှုဆိုင်ရာ၊ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များကို မီဒီယာမှတဆင့် မှန်ကန်စွာမျှဝေနိုင်မည့် နည်းလမ်းများ ကို လေ့လာသင်ယူကြမည်ဖြစ်ပါသည်။ လိင်မှုဆိုင်ရာနှင့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာသတင်းများ ရေးသား ပေးပို့ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများကိုလည်း သင်တန်းသားအချင်းချင်း မျှဝေအဖြေရှာနိုင်မည် ဖြစ်သည်။
သင်တန််းတွင် အပိုင်း ၂ ပိုင်း ပါဝင်မည်ဖြစ်သည်။ ပထမပိုင်းတွင် ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့နှင့် ၎င်း၏ မိတ်ဘက်အဖွဲ့များမှကျွမ်းကျင်သူများက မြန်မာနိုင်ငံ၏ လိင်မှုဆိုင်ရာနှင့်မျိုးဆက်ပွားကျန်းမာရေးနှင့် အခွင့် အရေးဆိုင်ရာအခြေအနေများနှင့် ပြဿနာများအကြောင်းကို ရှင်းလင်းပြောကြားပြီး၊

ဒုတိယပိုင်းတွင် သက်ဆိုင်ရာသတင်းများရေးသားထုတ်လုပ်နိုင်ရန် မီဒီယာသင်တန်းဆရာမှ ဦးဆောင် ကူညီသွားမည်ဖြစ်သည်။ သင်တန်းကာလအတွင်း မြန်မာနိုင်ငံတွင် လိင်မှုဆိုင်ရာနှင့်မျိုးဆက်ပွား ကျန်းမာရေး အခွင့်အရေးများနှင့်သက်ဆိုင်သည့်လုပ်ငန်းများဆောင်ရွှက်နေသော အစိုးရဌာနများ၊ အရပ်ဘက်အဖွဲ့အစည်း များ၊ NGO များနှင့်တက်ရောက်ခွင့်ရသည့် သတင်းစာဆရာ၊ ဆရာမများအကြား ရေရှည်စဉ်ဆက်မပြတ် ဆက်သွယ်နိုင်ရန် ဆက်သွယ်ရေးကွန်ရက်တည်ဆောက်နိုင်မည့် အစီအစဉ်များလည်း ပါဝင်မည်ဖြစ်သည်။

လျှောက်ထားနိုင်သူများ
သတင်းစာ၊ အွန်လိုင်းမီဒီယာ၊ တီဗွီအစီအစဉ်နှင့်ရေဒီယိုအစီအစဉ်များတွင် လက်ရှိအလုပ်လုပ်နေသော သတင်း စာဆရာ၊ ဆရာမများလျှောက်ထားနိုင်ပါသည်။ နယ်မှလာရောက်မည့် သတင်းစာဆရာ၊ ဆရာမများအတွက် ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့မှခရီးစားရိတ်နှင့်နေထိုင်စားရိတ်များကျခံပေးမည်ဖြစ်သည်။

လျှောက်လွှာတင်ရန် နောက်ဆုံးရက်မှာ နိုဝင်ဘာလ ၁၇ ရက်နေ့ဖြစ်သည်။

လျှောက်လွှာကို ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့  programcoordinator.lrc@gmail.com  ဖုန်း ၀၉ ၄၅ ၄၄၄ ၁၉၃၀ သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်။

လျှောက်လွှာပုံစံကို download pdf ကိုနှိပ်၍ ဒေါင်းနိုင်ပါသည်။

လူငယ်များနှင့် အမျိုးသမီးများ လူ့အခွင့်အရေးနှင့် ခေါင်းဆောင်မှုပုံစံများ ပိုသိရှိလာစေရန်ပြန်လည်ဆန်းစစ်ခြင်းအစည်းအဝေးပြုလုပ်

လူငယ်များနှင့် အမျိုးသမီးများ လူ့အခွင့်အရေးနှင့် ခေါင်းဆောင်မှုပုံစံများ ပိုသိရှိလာစေရန်နှင့် ရရှိထားသော အသိပညာဗဟုသုတများ ပြန်လည်အသုံးပြုခြင်း ရှိ/မရှိ သိရှိရန် ရည်ရွယ်၍ ပြန်လည်ဆန်းစစ်ခြင်းနှင့် ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးကို အောက်တိုဘာလ ၂၆ရက် ၊ ဒိုင်ပြကုန်းကျေးရွာရှိ ဘုန်းကြီးကျောင်း၌ ပြုလုပ်ကျင်းပခဲ့သည်။

အစည်းအဝေးပွဲသည် လက်တွဲညီညီရှေ့သို့ချီ စီမံကိန်းဖြင့် ထောက်ပံ့ငွေရအဖွဲ့ဖြစ်သော အားသစ်ရောင်ခြည်အဖွဲ့မှ ဦးဆောင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်ကတော့ ဒီဆရာမအဖွဲ့ လုပ်တဲ့ပွဲကို မတက်ရောက်ဖူးဘူး။ ဒါက သူလုပ်တဲ့ပွဲမှာ ပထမဆုံး တက်ရောက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် တခြားအဖွဲ့က လုပ်တဲ့ လူ့အခွင့်အရေးသင်တန်းတွေ ဒီလို ခေါင်းဆောင်မှုပုံစံတွေ သုံးခေါက် လေးခေါက်လောက်‌ တက်ရောက်ခဲ့ဖူးတယ်။ ဒီစည်းဝေးပွဲက ကောင်းတယ်လို့ မြင်တယ် ဘာလို့လဲဆိုတော့ ကိုယ် သင်တန်းတက်ခဲ့လို့ ရလာတဲ့ ဗဟုသုတတွေ မမေ့အောင် လုပ်ပေးတယ်။ ပြီးတော့ ဒီအစည်းအဝေးမှာ တက်ရောက်လာသူဆီကနေ ဗဟုသုတလည်း ရရှိစေပါတယ်။ ကျွန်တော်မြင်တာကတော့ ကျွန်တော်တို့လူငယ်တွေ ထပ်သင်ယူဖို့ အများကြီးလိုအပ်တယ်။ လူငယ်တွေကလည်း လူ့အခွင့်အရေးသင်တန်းလိုမျိုး ခေါင်းဆောင်မှုပုံစံ/နှုန်းများသင်တန်းတွေလို အများကြီးလိုအပ်တယ်။ လူငယ်တွေ ဗဟုသုတတွေ နည်းနေသေးတယ်လို့ မြင်တယ်။ ဒီအစည်းအဝေးပွဲကို လုပ်ပေးတဲ့ ဒီကဆရာမ ကြည်ကြည်ဝင်းကိုလည်း ကျေးဇူးတင်ပါတယ်။ ကူညီးပေးတဲ့ အဖွဲ့အစည်း များကိုလည်း ကျေးဇူးတင်ပါတယ်” ဟု အစည်းအဝေးပွဲသို့တက်ရောက်လာသူ အသက် ၂၉နှစ်အရွယ်ရှိ ၊ အောက်ပိန္ဒဲတော ကျေးရွာမှ စောသန်းဇော်မှ ၎င်း၏ အတွေ့အကြုံများကို ဝေမျှခဲ့သည်။

ထို့အပြင် ယခင်အခြေအနေနှင့် ယခုအခြေအနေ ကွာခြားပုံကိုလည်း “လူ့အခွင့်အရေးကို အရင်းပြောရမယ်ဆိုရင် ခုအခြေအနေမှာ တော်တော်လေးကို ကောင်းလာနေပါပြီး။ ဦးတို့အရင်ကဆို လူ့အခွင့်အရေးမပြောနဲ့ ကိုယ့်ရဲ့နွားကို ကိုယ့်အရှေ့မှာတင် ဆွဲခေါ်သွားတာတောင် ပြောလို့မရဲဘူး။ ပြောရင်တော့ အသတ်ခံရမှာလေ။ ဘယ်ပြောရဲမလဲ။ အရမ်းလည်း ခက်ခဲတယ်။ ခုဆိုရင် လူငယ်တွေ ပြောခွင့်ဆိုခွင့်တွေ ရှိလာတာ အရမ်းဝမ်းသာတယ်။ တိုးတက်လာတယ်လို့ ပြောလို့ရတယ်။ ခေါင်းဆောင်မှုလား? အမျိုးမျိုးရှိတာပေါ့။ ကောင်းတဲ့ခေါင်းဆောင်ရှိ သလို ဆိုးတဲ့ခေါင်းဆောင်တွေလည်း ရှိပါတယ်။ ကြားမှာမှ ဟိုယိမ်ဒီယိမ်တဲ့ ခေါင်း‌ဆောင်တွေလည်း ရှိပါတယ်။ ဦးဖြတ်သန်းလာတစ်လျှောက်ကိုလား? အင်း အမျိုးမျိုးပေါ့။ ဒါပေမယ့် ကောင်းတဲ့ခေါင်းဆောင်နဲ့ ကြုံရနည်းတယ်။ ဒီသင်တန်းက ဦးအမြင်တော့ အရမ်းကောင်းတယ်။ လူသားဖြစ်တည်ကတည်က ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ လူငယ်တွေသိလာတယ်။ ဦးတို့ငယ်ငယ်က ဒါတွေ မရှိဘူး။ သိလည်းမသိဘူး” ဟု ဝင်းပရကျေးရွာမှ ဦးဘဝင်းမှလည်း ထပ်လောင်းပြောကြားခဲ့သည်။

#CivicEngagement

#PEACE_Project

#Helvetas

#PTFe.V

Dragon Youth Network အဖွဲ့မှ ကရင်ပြည်နယ် ကျော့ရွာ၌ လူထုတွေ့ဆုံပွဲတစ်ရပ်ကျင်းပ

ပြည်သူများ ပါဝင်ပူးပေါင်းပြီး ကောင်းမွန်သော စီမံအုပ်ချုပ်မှုစနစ်တစ်ရပ် ဖြစ်ထွန်းလာစေရေးစီမံချက်ဖြင့် အောက်တိုဘာလ ၂၅ရက်နေ့ ၊ ကျော့ရွာရှိ ဘုန်းကြီးကျောင်း၌ လူထုတွေ့ဆုံပွဲတစ်ခုကို ကျင်းပခဲ့သည်။

ဒေသခံပြည်သူနှင့် အစိုးရဆိုင်ရာဌာနကြား ချိတ်ဆက်မှုအားကောင်းလာစေရန်နှင့်  လူငယ်များသည် နိုင်ငံရေးကို ပိုမိုအားကောင်းလာစေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပြီး ၎င်းပွဲကို ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့မှ ထောက်ပံ့ငွေရ Dragon Youth Network မှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

“ယခု လူထုတွေ့ဆုံပွဲမှာ တက်‌ရောက်ရတာ အရမ်းပျော်တယ်။ ဘာလို့လဲဆိုတော့ အစိုးရက လူကြီးတွေများနှင့် လွှတ်တော်ကိုယ်စားလှယ်များရဲ့ လုပ်ငန်းစဉ်များသိလာ ရတယ်။ ပြီးတော့ ဥပ‌ဒေအကြောင်းနဲနဲပါးပါး သိလာရတယ်။ အရင်တုန်းကတော့ သင်တန်းတက်ခဲ့ဖူးပါတယ် ဒီလောက်တော့ အစိုးရဌာနတွေ မပါဘူးပေါ့။ ခုလို အစိုးရဌာနများနဲ့ သိလာရတာ တကယ်ပျော်ပါတယ်။ ခုဆိုရင် လွှတ်တော်ကဆိုရင် လွှတ်တော်အကြောင်း သိလာရတယ် တရားဥပ‌ဒေအကြောင်းလည်း သိလာရတယ်။ မူးယစ်တွေပါ သိလာရတယ်။ ခုလို သင်တန်းဖြစ်မြောက် ကူညီပေးသော အဖွဲ့အစည်းများ၊ ဒီဆရာခွန်ဝင်အောင်တို့အဖွဲ့ကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ကျော့ရွာမှ နန်းရွှေစင်ဝင်းမှ ပြောကြားခဲ့သည်။

“ဒီသင်တန်းက ကျွန်မအတွက် အရမ်းကောင်းတယ် ဘာလို့လဲဆိုတော့ မသိခဲ့ရ‌တဲ့အရာတွေ သိလာရတယ်။ ဒီသင်တန်းမှာ ပေးခေါင်းစဉ်များထဲက တရားစီရင်းရေးနှင့် ဥပ‌ဒေစိုးမိုးရေးကို အရမ်းစိတ်ဝင်စားတယ်. ထပ်လေ့လာဖို့လည်း ရှိတယ်။ ဒီလိုသင်တန်းတွေလို နောက်ထပ် ထပ်ပေးပိုလည်း မျှော်လင့်ပါတယ်။ ကူညီပေးသော အဖွဲ့ကိုလည်း ကျေးဇူးတင်ပါတယ်။ ဆရာခွန်ဝင်အောင်ကိုလည်း ကျေးဇူးတင်ပါတယ်။ ထပ်ပြီတော့ အကြံပေးရမယ်ဆိုရင် ထပ်ကူညီပေးပါလို့ အကြံပြုပါတယ်။ ကျေးဇူးတင်ပါတယ်” ဟုလည်း နန်းလှမျိုးသဉ္ဇာနွယ်မှ ထပ်လောင်းပြောကြားခဲ့သည်။

#CivicEngagement

#PEACE_Project

#Helvetas

#PTFe.V

 

ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့မှ ဘားအံ့မြို့ရှိ EGG Academy ကို လိင်ပိုင်းဆိုင်ရာနှင့် ပတ်သက်သော စေတနာ့ဝန်ထမ်း ဝန်ဆောင်မှုပေးခဲ့

အောက်တိုဘာလ (၂၁) ရက်နေ့မှ (၂၄) ရက်နေ့ထိ ကရင်ပြည်နယ်၊ ဘားအံ့မြို့ရှိ Education Gathering Group (EGG) Academy – ပညာရေးစုစည်းရာအဖွဲ့ကို ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့မှ လိင်ပိုင်းဆိုင်ရာနှင့် ကျား၊ မရေးရာ အခြေပြုအကြမ်းဖက်မှုနှင့် အမျိုးသမီးခေါင်းဆောင်မှုမြင့်တင်ရေးသင်တန်းကို စေတနာ့ဝန်ထမ်း ဝန်ဆောင်မှုပေးခဲ့သည်။ သင်တန်းတက်ရောက်သူပေါင်း (၃၈)ဦးရှိခဲ့ပြီး အမျိုးသမီး (၁၈) ဦးနှင့် အမျိုးသား (၁၈) ဦးတို့ဖြစ်သည်။ သင်တန်း၏ရည်ရွယ်ချက်မှာ လိင်ပိုင်းဆိုင်ရာနှင့် ကျား၊ မရေးရာ အခြေပြုအကြမ်းဖက်မှုနှင့် အမျိုးသမီးခေါင်းဆောင်မှု အကြောင်းအရာများကို သင်တန်းတက်ရောက်သူများ နားလည်သဘောပေါက်စေရန် ဖြစ်သည်။

သင်တန်းတက်ရောက်သူများ၏ စကားသံအချို့မှာ “ လိင်နှင့် ကျားမရေးရာအခန်းကဏ္ဍများ၊ ၎င်းနှင့်ပတ်သက်ပြီး ပြဿနာစတဲ့အကြမ်းဖက်မှုများ ဖြစ်ပေါ်လာပါက မည်သို့ဖြေရှင်းရမည်ကိုလည်း သိရှိနားလည်ခဲ့ရတယ်”။

မော်လမြိုင်မြို့တွင် ခိုင်မြဲစေတနာလူမှုဖွံ့ဖြိုးရေးအဖွဲ့မှ ရပ်ကျေးကိုယ်စားလှယ်များကို ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေတင်ပြခြင်း ဆွေးနွေးပွဲပြုလုပ်

အောက်တိုဘာလ (၂၁) ရက်နေ့တွင် ခိုင်မြဲစေတနာလူမှုဖွံ့ဖြိုးရေးအဖွဲ့မှ ဦးဆောင်ပြုလုပ်သော ရပ်ကျေးကိုယ်စားလှယ်များကို ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေတင်ပြခြင်း ဆွေးနွေးပွဲကို မော်လမြိုင်မြို့တွင် ပြုလုပ်ခဲ့သည်။

#CivicEngagement

#PEACE_Project

#Helvetas

#PTFe.V