ဖျားနာကု ဆေးခန်းများအတွက် PPE လိုအပ်ချက်ကို ညှိနှိုင်းဖြည့်ဆည်းခြင်း

ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့ (Local Resource Centre – LRC) က ကြီးမှူးကျင်းပတဲ့ အရပ်ဘက်လူထုအဖွဲ့အစည်းများ (CSOs) နဲ့ ရန်ကုန်တိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီတို့ရဲ့ ဒုတိယအကြိမ် လစဉ်ညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ၊ ၂၅ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။ အစည်းအဝေးမှာ ရန်ကုန်တိုင်းဒေသကြီး လူမူရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ရန်ကုန်တိုင်းဒေသကြီး COVID-19 ကော်မတီက တာဝန်ရှိသူများ၊ အရပ်ဘက်လူထုအဖွဲ့အစည်းများ၊ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေး ရန်ပုံငွေအဖွဲ့ (Access to Health Fund)၊ ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့ နဲ့ ရန်ကုန်တိုင်းဒေသကြီး လူထုအခြေပြု ဖျားနာကုဆေးခန်း (Community Fever Clinic) တွေက တာဝန်ရှိသူများတက်ရောက်ကြပြီး COVID-19 နှင့်ပက်သက်ပြီး ကြုံတွေ့နေရတဲ့ ပြဿနာနဲ့ အခက်အခဲတွေကိုလည်း လက်တွဲဖြေရှင်းနိုင်‌အောင်အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီအစည်းအဝေးမှာ ရန်ကုန်တိုင်း လူထုအခြေပြု ဖျားနာကုဆေးခန်းတာဝန်ခံ ပရော်ဖက်ဆာ ဒေါက်တာ ဒေါ်မာမာကြည်က လူထုအခြေပြု ဖျားနာကုဆေးခန်းတွေမှာ လုပ်အားပေးနေကြတဲ့ စေတနာ့ဝန်ထမ်းတွေအတွက် PPE ဝတ်စုံများလိုအပ်နေမှု အခြေအနေကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ အဲဒါကြောင့် Access to Health အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနနဲ့ ညှိနှိုင်းပြီးတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဖျားနာကုဆေးခန်း ၂၇ ခုအတွက် PPE ဝတ်စုံ (၁,၉၀၀) ကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့မှာ ဖြန့်ဖြူးပေးခဲ့ပါတယ်။
…………..
Responding to PPE needs through coordination!
The 2nd monthly coordination meeting with grantee Civil Society Organizations (CSOs) and Covid-19 Emergency Response and Prevention Committee-Yangon Division, organized by Local Resource Centre (LRC), was held on 25th November 2020. During the meeting, U Naing Ngan Lin, the regional minister for social affairs, Yangon, and the representatives from Yangon Covid-19 Committee, local CSOs, Access to Health Fund, LRC and fever clinics incharge attended and discussed the COVID-19 related issues and challenges that different stakeholders are facing.
During the meeting, Prof. Dr. Mar Mar Kyi, who is an incharge of fever clinics in Yangon region, raised the requirements of PPE for volunteers in fever clinics. In a response to it, the ACCESS consulted with Yangon Regional Health Department and supplied 1,900 PPE full sets to 27 fever clinics in Yangon on 3rd Dec 2020.