၂၀၁၈ ခုနှစ် သြဂုတ်လ (၂၀) ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံ့မြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်ရုံးခန်း၌ ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့ (Local Resource Centre) မှ အမှုဆောင်ဒါရိုက်တာ ဒေါ်ပန်စီထွန်းသိန်း၊ ကျား၊မရေးရာတန်းတူညီမျှရေးကွန်ရက်အဖွဲ့မှ ဒါရိုက်တာ ဒေါ်မေစံပယ်ဖြူ နှင့် ရန်ကုန်တိုင်းဒေသကြီး ချမ်းမြေ့ရိပ်သာကျောင်း ဆရာတော် ဦးရေဝတ တို့မှ ကရင်ပြည်နယ်ရှိ ရေးဘေးသင့်ပြည်သူများအား အလှူငွေများအသီးသီးလှူဒါန်းခဲ့ကြပါသည်။ ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်စီမံကိန်း၊ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီးဦးသန်းနိုင် နှင့် မွန် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဦးမင်းတင်ဝင်းတို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ ကြောင်း သိရသည်။