မြန်မာနိုင်ငံရှိ အမျိုးသမီးများအကြားမှာ ကင်ဆာရောဂါကြောင့် သေဆုံးရခြင်းတွေရဲ့ အဓိက အကြောင်းရင်းတွေထဲက ဒုတိယအများဆုံးကတော့ သားအိမ်ခေါင်းကင်ဆာရောဂါပဲဖြစ်ပါတယ်။ အသက် ၃၀ မှ ၄၉ နှစ်အတွင်းရှိ အမျိုးသမီးများကို သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့်စစ်ဆေးပါက အကျိုးကျေးဇူးအများဆုံးရရှိနိုင်တဲ့အတွက် ဒီအသက်အရွယ်အုပ်စုကို အခြေခံဦးတည်အုပ်စုအဖြစ် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားပါတယ်။ ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်မှုရှိသောကြောင့် စစ်ဆေးခြင်းဖြင့် မိမိကိုယ်ကို သားအိမ်ခေါင်းကင်ဆာဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်နိုင်ဖို့ တိုက်တွန်းလိုက်ရပါတယ်။
သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် စစ်ဆေးခြင်းနှင့် ကုသခြင်းဆိုင်ရာလမ်းညွှန်စာအုပ်ကို အသေးစိတ်ဆက်လက်ဖတ်ရှုနိုင်ရန် Download PDF ကိုနှိပ်၍ PDF file ကိုရယူပါ