ဘားအံမြို့တွင် အားလုံးပါ၀င်သော ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အထားနှင့် ပူးပေါင်းပါ၀င်ခြင်း ဆိုင်ရာ စီမံကိန်း မိတ်ဆက်ဆွေးနွေး
ဘားအံ – ဩဂုတ်(၂၇)
##############################

ကရင်ပြည်နယ်အတွက် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းစဉ်စီမံကိန်းများ အရှိုန်အဟုန်မြင့်ဆောင်ရွက် လျှက်ရှိသလိုအဖက်ဖက်မှ ပါ၀င်နိုင်သော ဖွံ့ဖြိုး တိုးတက်မှုအတွက် အထောက်အထားနှင့် ပူးပေါင်း ပါ၀င်မှု ဆိုင်ရာ စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက် သည်များအား မိတ်ဆက်ပေးခြင်း အခမ်းအနားကို သြဂုတ်လ ၂၇ ရက်နေ့၊ နံနက်(၉)နာရီအချိန်က ဘားအံမြို့ တော်၀င်ရတာနာဟိုတယ်တွင် ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။

ဖွံဖြိုးတိုးတက်မှု စီမံကိန်း မိတ်ဆက်ဆွေးနွေးပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေး ၀န်ကြီးဦးဘိုဘိုဝေမောင်က အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက်ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့(LRC)မှအမှုဆောင် ဒါရိုက်တာ ဒေါ်ပန်စီထွန်းသိန်းက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားကာ အားလုံးပါ၀င်သော ဖွံ့ဖြိုးတိုး တက်မှု အတွက် အထောက်အထားနှင့် ပူးပေါင်း ပါ၀င်ခြင်း စီမံကိန်းမိတ်ဆက်ခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာ များကို စီမံကိန်း မန်နေဂျာ ဦးဝေလှိုင်စိုးနှင့်တာဝန်ရှိသူများက တင်ပြဆွေးနွေး ခဲ့ကြသည်။

ဆက်လက်၍ တက်ရောက်လာကြသော သက်ဆိုင်ရာ ဌာန ဆိုင်ရာများ၊ ပူးပေါင်းမိတ်ဖက် အဖွဲ့အစည်း များက စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက် နိုင်စေရန် အကြံပြုခြင်းနှင့်သိရှိလိုသည်များကို မေးမြန်း ခြင်း၊ ဖြေကြားခြင်းများကို ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အဆိုပါစီမံကိန်းတွင် ကရင်ပြည်နယ်တွင်း မြို့နယ် (၅)မြို့နယ်ရှိ ကျေးရွာပေါင်း (၄၀)ဖြင့် စီမံကိန်း လုပ်ငန်းများအား ဆောင်ရွက်သွားမည်ဖြစ်ပြီး မသန်စွမ်း ၊ ကလေးသူငယ်များနှင့် အမျိုးသမီးများ ဆိုင်ရာ အခွင့်အရေးများ နှင့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများ အဓိကထားဆောင်ရွက်ပေး သွားမည် ဖြစ်ကာ ပြည်နယ်တွင်းရှိ ပြည်နယ်အစိုးရအဖွဲ့ ၊ ဌာနဆိုင်ရာများအပြင် လူမှုကူညီရေး အသင်း အဖွဲ့ များနှင့် ကျေးရွာသူ /ကျေးရွာသားတို့မှ ပူးပေါင်း ပါ၀င်ဆောင်ရွက်သွားမှာဖြစ်ကာ လိုအပ်သော စွမ်းရည် မြင့်တင်ရေးဆိုင်ရာ သင်တန်းများနှင့် ဆရာ အတတ် သင် သင်တန်းများကိုလည်း ဖွင့်လှစ် သင်ကြားသွားမှာ ဖြစ်ကြောင်း သိရှိရသည်။

#နေမျိုးလွင်(ပြန်/ဆက်)