[English below]
ကိုဗစ်၁၉ ကြောင့် ရွှေပြည်သာ၊ အင်းစိန်၊ မင်္ဂလာဒုံနဲ့ လှိုင်သာယာမှာရှိတဲ့ စက်ရုံတွေ ပိတ်ထားရခဲ့ပါတယ်။ ပုံမှန်ဝင်ငွေမရှိတော့တဲ့ စက်ရုံလုပ်သားတွေဟာ ကိုဗစ်ကူးစက်မှုက ကာကွယ်ပေးမယ့် အရေးကြီးပစ္စည်းတွေဖြစ်တဲ့ နှာခေါင်းစည်းနဲ့ ပိုးသတ်လက်ဆေးရည်တွေဝယ်ဖို့တောင် မတတ်နိုင်ကြပါဘူး။ သူတို့အတွက် နေ့စဉ် စားရေးသောက်ရေးနဲ့ အဆောင်ငှားခတွေက အရေးပေါ် ပြဿနာတွေပါ။
သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်မြန်မာ (Solidarity of Trade Union Myanmar- STUM) ဟာ စားဝတ်နေရေးခက်ခဲနေတဲ့ စက်ရုံလုပ်သားတွေအတွက် နှာခေါင်းစည်းနဲ့ ပိုးသတ်လက်ဆေးရည်ထုတ်လုပ်နည်းသင်တန်းတွေပေးပြီး လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းပါ ပံ့ပိုးပေးပါတယ်။ ဒါ့အပြင် သူတို့ ထုတ်လုပ်လိုက်တဲ့ ထုတ်ကုန်တွေကို ဝယ်ယူပြီး ပြန်လည် ဖြန့်ဖြူးပေးတာကြောင့် ကိုဗစ်ကြောင့် အလုပ်လက်မဲ့ဖြစ်သွားရတဲ့ စက်ရုံလုပ်သားတွေအတွက် ဝင်ငွေရရှိပြီး ငွေကြေးအခက်အခဲလျော့ပါးသက်သာစေပါတယ်။ STUM ဟာ စက်ရုံလုပ်သားတွေအကြား ကိုဗစ်၁၉ နဲ့ဆိုင်တဲ့ အသိပညာပေးမှုတွေကိုလည်း လုပ်ဆောင်နေပါတယ်။
“စက်ရုံလုပ်သား တော်တော်များများက ကိုဗစ်ရဲ့ကြောက်စရာကောင်းပုံနဲ့ ကိုဗစ်ကာလအတွင်း ဘယ်လို အန္တရာယ်ကင်းအောင်နေရမယ်ဆိုတာ သိမနေကြဘူး။ တချို့ဆို ကိုဗစ် ဒုတိယလှိုင်းဖြစ်နေတယ်ဆိုတာတောင် မသိကြတာမျိုးရှိတယ်။ တချို့ကလည်း ပိုးသတ်လက်ဆေးရည်ဆိုတာ ကြားတောင်မကြားဖူးဘူး
“အစပိုင်းမှာ တချို့ အဆောင်ပိုင်ရှင်တွေက ကျွန်မတို့တွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ သဘောမတူကြဘူး။ ဒါပေမယ့် တချို့အဆောင်တွေမှာ နှာခေါင်းစည်း၊ ပိုးသတ်လက်ဆေးရည်တွေ ပံ့ပိုးတာမြင်တော့ STUM က ပြည်တွင်းကူးစက်မှုတွေ ထိန်းချုပ်ရာမှာ ကူညီနေတာပါလားဆိုတာ သဘောပေါက်လာကြပြီး ပူးပေါင်းလုပ်ဆောင်လာကြတယ်” လို့ STUM ရဲ့ လုပ်ငန်းအစီအစဉ်ဆိုင်ရာ ညွှန်ကြားရေးမှုး ဒေါ်မျိုးအေးကပြောပါတယ်။
STUM အဖွဲ့ဟာ ဖွံ့ဖြိုးရေး မဏ္ဍိုင်အဖွဲ့ (Local Resource Centre – LRC) ကတဆင့် ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမှီရရှိရေး ရန်ပုံငွေ (Access to Health Fund) က ပံ့ပိုးထားတဲ့ လူမှုအခြေပြုအဖွဲ့အစည်းတခုဖြစ်ပါတယ်။ STUM က စက်ရုံပေါင်း ၁၈ ခုကို ဦးတည်ပြီး အခြေခံလူတန်းစားတွေပါ အကျုံးဝင်တဲ့ ကိုဗစ်၁၉ တုံ့ပြန်ဆောင်ရွက်မှုကို လုပ်ဆောင်နေပါတယ်။
……………………
COVID19 caused closures of factories in Shwepyithar, Insein, Mingaladon, and Hlaingtharya. With income shortages, factory workers cannot afford masks and hand sanitizer, which are essential items to protect them from the COVID19. For these groups, costs for daily foods and rents are immediate issues.
Solidarity of Trade Union Myanmar (STUM) provided training on hand sanitizer and facemask production, and necessary materials to unemployed workers. STUM purchased these products and distributed them to the factory workers again. This initiative generates small incomes for unemployed workers to ease their financial burden during COVID19. STUM has also been doing awareness-raising activities among these groups.
“Many of them did not know how dangerous COVID19 is or how to stay safe during the crisis. Some were not aware that we’ve been going through the second wave. Some never heard of hand sanitizer.
At first, some hostel owners refused to collaborate with us. But when they saw other people receiving preventive items like masks and hand sanitizer, they realized that we are helping to control local transmission and started to collaborate,” Daw Myo Aye, Programme Director of STUM, says.
STUM is one of the civil society organizations funded by Access to Health through the Local Resource Centre (LRC) for COVID19 inclusive response at the grassroots level targeting factory workers in 18 factories.