ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်ခဲ့သော အာဆီယံလူထုများအစည်းအဝေးအကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်ခဲ့သော ၃ရက်တာ အာဆီယံ လူထုများအစည်းအဝေးအကြောင်း သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို စက်တင်ဘာလ ၁၈ရက်နေ့ ၊ ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့ (ရန်ကုန်ရုံး)၌ မီဒီယာသမားနှင့်အတူ ကျင်းပပြုလုပ်ခဲ့သည်။
ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ၂၀၁၉၏ လုပ်ဆောင်ချက်များကို ပြန်လည်ဝေငှာနိုင်ရန် နှင့် မသွားဖြစ်လိုက်သော သူများအား သတင်းအချက်အလက်ပြန်လည်ဝေမျှနိုင်ရန်ဖြစ်သည်၊
အာဆီယံနိုင်ငံအဖွဲ့ဝင် ၁၀နိုင်ငံများမှ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ပါဝင်တက်ရောက် ဆွေးနွေးခဲ့သော ၃ရက်တာ အာဆီယံ လူထုများအစည်းအဝေးကို ယခုနှစ်တွင် ထိုင်းနိုင်ငံမှ ဦးဆောင်ကာ ဘန်ကောက်မြို့၌ ကျင်းပပြုလုပ်ခဲ့ပြီး လူပေါင်း ၁ထောင်ခန့်တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။