ကျေးလက်အခြေပြုအသက်မွေးဝမ်းကျောင်းသင်တန်းဆင်းပွဲကို ကရင်ပြည်နယ်ရှိမြို့အချို့တွင် တစ်ပြိုင်တည်းပြုလုပ်

ကျေးလက်အခြေပြုအသက်မွေးဝမ်းကျောင်းသင်တန်းဆင်းပွဲများကို ၂၁-၁၂-၂၀၁၈ နေ့က ကရင်ပြည်နယ် ဖားအံ ကြာအင်းဆိပ်ကြီးသံတောင်ကြီးနှင့်မြဝတီမြို့များရှိသင်တန်းကျောင်းတွင်ပြုလုပ်တစ်ပြိုင်နက်တည်းပြုလုပ်သည်။ အဆိုပါသင်တန်းကို ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့နှင့် Swisscontact အဖွဲ့တို့ က ပူးပေါင်းဆောင်ရွက်ပြီး ကရင်နှင့်မွန်ပြည်နယ်တွင် ၃ လတစ်ကြိမ်ဖွင့်လှစ်ပေးလျက်ရှိပြီး စက်ပြင် စက်ချုပ် လျှပ်စစ် အလှပြင် အရောင်းစာရေး စသည့်သင်တန်းများကိုသင်ကြာပေးနေသည်။ အဆိုပါသင်တန်းပထမအသုတ်အဖြစ် ၂၁၄ ဦးတက်ရောက်ခဲ့သည်။ သင်တန်းဆင်းများအတွက် လုပ်ငန်းခွင်သုံးပစ္စည်းများကိုပါထောက်ပံ့ပေးပြီး ဒေသတွင်းလုပ်ငန်းရှင်များအားဖိတ်ကြားကာ အလုပ်သမားနှင့်တွေ့ဆုံပွဲကိုလည်းပြုလုပ်ခဲ့သည်။ ဒေသတွင်းအလုပ်လုပ်ကိုင်နေသူသင်တန်းသားတစ်ဦးက “အိမ်မီးရိုက်တဲ့အလုပ်ကို လုပ်နေတာကြာပြီ စနစ်တကျဘာမှမသိထားဘူး သင်တန်းတက်လိုက်ရျတ်ရတော့ နည်းစနစ်တွေ လျှပ်စစ်ဥပဒေတွေကိုနားလည်းခဲ့ရပါတယ် ဒီလိုသင်တန်းမျိုးတွေ ပြည်နယ်တိုင်းတွေမှာဖွင့်ပေးနိုင်ရင်ကောင်းမယ်” ဟုပြောသည်။ သင်တန်း၏ရည်ရွယ်ချက်မှာ ပြည်နယ်ဒေသများတွင် လူငယ်များအသက်မွေးဝမ်းကျောင်းအတတ်ပညာတတ်မြောက်ရေးနှင့်အလုပ်အကိုင်အခွင့်အလန်းများဖန်တီးပေးနိုင်ရေးဖြစ်သည်။