၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းစဉ်များအား ပြည်သူနှင့်အတူဆန်းစစ်ဆွေးနွေးခြင်း အလုပ်ရုံဆွေးနွေးပွဲကို ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ စီမံကိန်းဝန်ထမ်းများ၊ အခြေခံကျန်းမာရေးဝန်ထမ်းများ၊ ကျေးရွာကျန်းမာရေးကော်မတီများနှင့် အရပ်ဖက်အဖွဲ့အစည်းများနှင့် ကျင်းပခဲ့ကြသည်။ အဆိုပါအခမ်းအနားကို  PHASE-M အဖွဲ့မှ ဦးဆောင်ကျင်းပခဲ့ပြီး ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့မှ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုများ ပြုလုပ်ခဲ့သည်။

ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းစဉ်များအား ပြည်သူနှင့်အတူဆန်းစစ်ဆွေးနွေးခြင်း၏ ရည်ရွယ်ချက်မှာ (၁) ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများအရည်အသွေး တိုးတက်လာစေရန် (၂) ဖွံ့ဖြိုးရေးလုပ်ငန်းများ၏ ထိရောက်မှုကို တိုင်းတာရန် (၃) ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုတိုးတတ်မြင့်မားစေရန် တို့ဖြစ်သည်။